Saturday, March 5, 2011

ဗိုလ်ချုပ်မှူးကြီး အထူး ဘတ်ဂျက်သုံးစွဲခွင့် အာဏာ မိမိကိုယ်ကိုယ် အပ်နှင်း

ဝေမိုး Friday, 04 March 2011 18:34 ဧရာဝတီ
ရွေးကောက်ပွဲ ကျင်းပပြီးစီး၍ လွှတ်တော်များ ခေါ်ယူကျင်းပ နေသည်မှာ တလရှိသည့်တိုင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဥပဒေများ ပြဋ္ဌာန်းရန် အကြွင်းမဲ့ အာဏာကို ချုပ်ကိုင်ထားဆဲ ဖြစ်သည်။

Gen-Than-Shwe-030411

၂၀၁၁ ဇန်နဝါရီလ ၄ ရက်နေ့က ကျင်းပသော ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ညစာစားပွဲတွင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - AP)
မကြာသေးမီက ထုတ်ပြန်သည့် ဥပဒေများအနက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ဇန်နဝါရီလ ၂၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အစိုးရဌာနများသို့ ဖြန့်ဝေသည့် “အထူးရန်ပုံငွေ ဥပဒေ” တွင် တိုင်းပြည်၏ ဝင်ငွေများကို နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ခေါင်းစဉ်အောက်တွင် ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် စိတ်ကြိုက်သုံးစွဲခွင့်ပြုထားသည်။ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်ပင် ဖြစ်သည်။

ဧရာဝတီက လက်ခံရရှိသည့် စာမျက်နှာ ၂ မျက်နှာပါ အဆိုပါဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် အထူးရန်ပုံငွေကို ပြည်တွင်းသုံးငွေ သို့မဟုတ် နိုင်ငံခြားသုံးငွေဖြင့် အစစ်အဆေး အမေးအမြန်းမရှိ သုံးစွဲနိုင်ကြောင်း သိရသည်။

အခန်း (၃) အပိုဒ် (၅) ပါ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ပိုင်ခွင့်၌ တို့တာဝန် အရေးသုံးပါးအတွက် တာဝန်များ ထမ်းဆောင်ရာတွင် “အထူးရန်ပုံငွေ သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကမျှ မေးမြန်းခြင်း၊ တင်ပြခြင်း၊ စာရင်းစစ်ခြင်း ခံယူရန် မလို” ဟု ဖော်ပြထားသည်။

မတ်လကုန်တွင် ကျရောက်လေ့ရှိသော ဘဏ္ဍာရေးနှစ်ကုန်မှသာ နှစ်စဉ် အထူးရန်ပုံငွေ အသုံးစရိတ်ကို နိုင်ငံတော် သမ္မတထံ ရှင်းလင်းတင်ပြရမည်ဟု ဥပဒေက ဆိုသည်။

အထူးရန်ပုံငွေဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ရန်၊ ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရန်နှင့် အထူးလိုအပ်သည်များကို သုံးစွဲရန်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထူးရန်ပုံငွေဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်နှင့် စစ်တပ်သည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အစိုးရ အသုံးစရိတ်စုစုပေါင်းမှ ကာကွယ်ရေးအသုံးစရိတ်အဖြစ် ၂၅ ရာခိုင်နှုန်းကျော်ကို သုံးစွဲလိမ့်မည် ဖြစ်သည်။

မတ်လ ၁ ရက်နေ့က ထုတ်ပြန်သည့် နိုင်ငံတော် ပြန်တမ်းအရ ယခုဘဏ္ဍာရေးနှစ်အတွက် လျာထားချက်တွင် စစ်သုံးစရိတ်မှာ ကျပ် ၁.၈ ထရီလီယံ (အမေရိကန် ဒေါ်လာ သန်း ၂ ထောင်) ဖြစ်ပြီး စုစုပေါင်း ဘတ်ဂျက်၏ ၂၃.၆ ရာခိုင်နှုန်းအထိ ရှိသည်။

ကျန်းမာရေးအသုံးစရိတ်မှာ ကျပ် ၉၉.၅ ဘီလီယံ (ဒေါ်လာ သန်း ၁၁ဝ) သာရှိပြီး ၁.၃ ရာခိုင်နှုန်းသာရှိသည်။ ပညာရေးအသုံးစရိတ်မှာ ဒေါ်လာ သန်း ၃၅၀ လျာထားပြီး ၄.၁၃ ရာခိုင်နှုန်းဖြစ်သည်။

၂၀၁၁-၂၀၁၂ တွင် နအဖအစိုးရ ရုံးစရိတ်အတွက် ကျပ် ဘီလီယံ ၂၀ (ဒေါ်လာ ၂၂ သန်း) လျာထားသောကြောင့် အစိုးရသစ် ပေါ်ပေါက်လာသည့်တိုင် နအဖအဖွဲ့ကို ဖျက်သိမ်းမည် ဟုတ် မဟုတ် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း လေ့လာအကဲခတ်သူများက ပြောသည်။

ယခုကျင်းပနေသည့် လွှတ်တော်များတွင်လည်း စစ်တပ်မှ စေလွှတ်သော ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) တို့ကသာ လွှမ်းမိုးထားသည်။

လွှတ်တော်အသီးသီးတွင် ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့် အရေးကော်မတီနှင့် အစိုးရအာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ ဟူ၍ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကော်မတီတခုလျှင် အဖွဲ့ဝင် ၁၅ ဦးသတ်မှတ်ထားပြီး ကြံ့ဖွံ့ပါတီမှ ၁၀ ဦးနှင့် တခြားပါတီမှ ၅ ဦး ပါဝင်မည်ဖြစ်သည်။

ယနေ့အထိ ဥပဒေကြမ်းကော်မတီနှင့် ငွေစာရင်းကော်မတီတို့ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။

“လုံခြုံရေးကလည်း တင်းကျပ်တယ်။ ပြည်ခိုင်ဖြိုးအမတ်တွေတောင် အကျယ်ချုပ်ကျနေသလို ခံစားရတယ်လို့ ပြောကြတယ်” ဟု မန္တလေးမှ ကြံ့ဖွံ့ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။

Monday, December 20, 2010

ဝိခီလိခ် အမြင် နှင့် စိမ့် ထွက်သတင်း

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေးအတွက် ဆက်လက် ကြိုးပမ်း လှုပ်ရှားနေကြခြင်း
|
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

Reference ID Created Released Classification Origin
08RANGOON557 2008-07-14 06:06 2010-12-09 21:09 CONFIDENTIAL Embassy Rangoon

VZCZCXRO6089
OO RUEHCHI RUEHDT RUEHHM RUEHNH RUEHTRO
DE RUEHGO #0557/01 1960656
ZNY CCCCC ZZH
O 140656Z JUL 08
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC IMMEDIATE 7905
INFO RUCNASE/ASEAN MEMBER COLLECTIVE
RUEHGG/UN SECURITY COUNCIL COLLECTIVE
RUEHBY/AMEMBASSY CANBERRA 1345
RUEHNE/AMEMBASSY NEW DELHI 4870
RUEHUL/AMEMBASSY SEOUL 8433
RUEHKO/AMEMBASSY TOKYO 5995
RUEHCHI/AMCONSUL CHIANG MAI 1703
RHHMUNA/CDR USPACOM HONOLULU HI
RHEHNSC/NSC WASHDC
RUCNDT/USMISSION USUN NEW YORK 1850
RUEKJCS/SECDEF WASHDC
RUEKJCS/JOINT STAFF WASHDC
Monday, 14 July 2008, 06:56
C O N F I D E N T I A L SECTION 01 OF 04 RANGOON 000557
SIPDIS
DEPT FOR EAP/MLS, DRL, AND IO
PACOM FOR FPA
EO 12958 DECL: 07/13/2018
TAGS PGOV, PREL, PHUM, BM
SUBJECT: CONTINUING THE PURSUIT OF DEMOCRACY IN BURMA
RANGOON 00000557 001.2 OF 004
Classified By: P/E Chief Leslie Hayden for Reasons 1.4 (b) & (d)

အကြောင်းအရာ။ ။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေးအတွက် ဆက်လက် ကြိုးပမ်း လှုပ်ရှားနေကြခြင်း။

လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ နိုင်ငံရေး/စီးပွားရေးဌာန အကြီးအကဲ လက်စလီ ဟေဒင် (Leslie Hayden) အကြောင်းပြချက် 1.4 (b) & (d)

၁။ ရန်ကုန်သံရုံးရှိ နိုင်ငံရေး/စီးပွားရေးဌာန အကြီးအကဲသည် ၂-နှစ်တာ တာဝန်ထမ်းဆောင်ပြီးသည့်နောက် တွင် ယခုပတ်အတွင်း ဤတာဝန်မှ ထွက်ခွာမည် ဖြစ်သည်။ ဤကာလအတွင်း မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂ဝ အတွင်း အကြီးမားဆုံးနိုင်ငံရေး အုံကြွမှုကြီးကို မြင်တွေ့ခဲ့ရပြီး ဒီမိုကရေစီလိုလားသည့် အထက်မြက်ဆုံး သော အတိုက်အခံခေါင်းဆောင်များကို ဖမ်းဆီးအကျဉ်းချမှုများ၊ မြန်မာသမိုင်းတွင် အဆိုးဆုံး သဘာဝကပ်ဘေးတို့ကိုလည်း ကြုံတွေ့ခဲ့ရပါသည်။ လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် သူ့ထံမှ ပွင့်ပွင့်လင်းလင်းသုံးသပ်မှုကို ကြားလို၍ မေးမြန်းခဲ့ပါသည်။ သူက မည်သို့ မည်ပုံ ဒီမိုကရေစီရေး ရည်မှန်းချက်များအတွက် ရှေ့ဆက်နိုင်မည်ကို အကြံပြုခဲ့ပါသည်။

-------------------

ထိပ်သီး ဗိုလ်ချုပ်ကြီးများ

-------------------

၂။ (ဂ) ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကြွင်းမဲ့အာဏာကို ကျင့်သုံးနေသည်နှင့်အတူ မြန်မာ့တပ်မတော်က လည်း နိုင်ငံတဝှမ်းကို ခိုင်မာစွာ ထိန်းချုပ်ထားနိုင်ပါသည်။ အရေးပါသည့် နိုင်ငံရေး၊ စီးပွားရေးဆုံးဖြတ်ချက် များတွင် သူ့နောက်ဆုံးအတည်ပြုချက် ယူရန် လိုအပ်သည်။ အပြင်လူများက သူ့ကို ပညာမတတ်သူ၊ မိုက်မဲ ရမ်းကားသူအဖြစ် သရုပ်ဖော်နေကြသော်လည်း နှစ်ချီပြီး အာဏာကို ခိုင်မြဲအောင် စုစည်း၍ အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ခဲ့ပါသည်။ တချိန်တည်းမှာပင် လောင်စာစွမ်းအင် ငတ်မွတ်နေသည့် အိမ်နီးချင်းနိုင်ငံများထံမှ မြိုးမြိုးမြက်မြက် ရစေမည့် ဆက်ဆံရေးကိုလည်း တည်ဆောက်ထားနိုင်ခဲ့သည်။ သို့အတွက်ကြောင့် အနောက်နိုင်ငံများမှ စစ်အစိုးရအင်အားချိနဲ့စေရန် ဆောင်ရွက်နေသမျှကို အားပျော့ထိခိုက်စေပါသည်။

၃။ (ဂ) စစ်ဗိုလ်ချုပ်များက စီးပွားရေးတွင် တပည့်မွေး ဆရာမွေးစနစ် ထိန်းချုပ်မှု ကျယ်ကျယ်ပြန့် ကျင့်သုံး ကာ သူတို့၏ အာဏာကိုထိန်းသိမ်းထားကြသည်။ အနောက်တိုင်းက မာဖီးယားဂိုဏ်းများနှင့်ပင် မတူပါ။ စစ် တပ်ထိန်းချုပ်ထားသည့် စီးပွားရေးလုပ်ငန်းများက အမြတ်အစွန်း ရနိုင်သည့် နိုင်ငံတွင်းက သဘာဝရင်းမြစ် များ၊ လုပ်ငန်းများကို ထိန်းချုပ်ထားကြပါသည်။ စစ်တပ်အတွင်း ရာထူးတက်လာမှ သို့မဟုတ် ထိပ်တန်း ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်မှသာ ကြွယ်ဝချမ်းသာနိုင်ပါသည်။ သို့အတွက်ကြောင့် တရုတ်နိုင်ငံက စစ်ဗိုလ်ချုပ်များကို မြန်မာ့စီးပွားရေးပြုပြင်ပြောင်းလဲရေးအတွက် တိုက်တွန်းလာခဲ့သည်၊ သို့သော်လည်း စစ်ဗိုလ်ချုပ်များ နားမဝင်ကြပါ။ စီးပွားရေး ပွင့်လင်းလွတ်လပ်အောင် ပြုပြင်မည်ဆိုလျှင် စစ်ဗိုလ်ချုပ်များအာဏာကို မြဲနေစေသည့် စနစ်ကို ဖျက်သိမ်းရမည် ဖြစ်သည်။ ဤစနစ် ဖျက်သိမ်းရန်မှာ နောက်တက်လာသည့် မည်သည့် ဒီမိုကရေစီခေါင်းဆောင်မဆို ခေါင်းခဲရမည့် အကြီးဆုံးပြဿနာ ဖြစ်ပါသည်။

၎။ (ဂ) စစ်အစိုးရ ထိပ်သီးခေါင်းဆောင်များအတွင်း ပြိုကွဲနေသည်ဆိုသည့် ကောလာဟလများမှာ မပြည့်မစုံ သုံးသပ်ချက်များနှင့် ပြည်ပရှိ အင်အားစုများ၊ ပြင်ပမှ လေ့လာသူများ ဖြစ်ချင်ဇောနှင့် သုံးသပ် ပြောဆိုချက်များသာ ဖြစ်လိမ့်မည်။ ထိပ်သီး ဗိုလ်ချုပ်ကြီးများ အတွင်းကိစ္စများတွင် သဘောကွဲလွဲမှု ရှိမည်ဖြစ်သော်လည်း (နာဂစ်အပြီးတွင် မျက်မြင်သက်သေ တွေ့ခဲ့ရသည်) သူတို့ ဗိုလ်ချုပ်သန်းရွှေအမိန့်ကို နာခံကြပါသည်။ သူတို့သာ အတူတကွ မရပ်တည်ကြလျှင် အားလုံးကျရှုံးရမည်ကို ဗိုလ်ချုပ်မှူးကြီး ကောင်းစွာ သတိပြုမိသည်။ ထိပ်သီးဗိုလ်ချုပ်ကြီး ၂-ဦး ဖြစ်သည့် ဗိုလ်ချုပ်သန်းရွှေ နှင့် မောင်အေးတို့ မြင်ကွင်းမှ ပျောက်မသွားမချင်း တကယ့်လက်တွေ့ ဒီမိုကရေစီ အပြောင်းအလဲများ ပေါ် ပေါက်ရန် အကြောင်းမရှိပါ။ ၎င်းတို့ ၂-ဦးစလုံး သူတို့ လုံခြုံရေးနှင့် သူတို့မိသားစုဝင်များ စုဆောင်းထားသမျှ လုံခြုံရေးအပေါ် များစွာ ပူပန်ကြပါသည်။ တတိယအဆင့် ဗိုလ်ချုပ်သူရ ရွှေမန်းကိုမူ ဗိုလ်ချုပ်သန်းရွှေက ၂ဝ၁ဝ အပြီး သမ္မတအဖြစ် ရွေးထားသည်ဟု ကောလာဟလများ ထွက်နေသည်။ အကယ်၍ ဗိုလ်ချုပ်သန်းရွှေနှင့် မောင်အေးတို့ သက်ရှိထင်ရှား ရှိနေသေးပါက သူတို့က နောက်မှ ကြိုး ဆွဲနေကြဦးမည်ဟု ယူဆနိုင်သည်။ သူရရွှေမန်းနှင့် နီးစပ်သူများက သူ၏ ထက်မြက်ခေတ်မီမှုနှင့် မြန်မာနိုင်ငံ ပြဿနာများကို ကောင်းစွာသဘောပေါက်ကြောင်း မိမိတို့ကို ပြောကြပါသည်။ အချို့ထက်မြက်သည့် မြန်မာပညာရှင်များနှင့် နိုင်ငံရေး အတိုက်အခံများက သူတို့က မူဝါဒဆိုင်ရာ စာတမ်းများ ၎င်းထံ ပေးပို့ခဲ့ပြီး သူက ဆက်၍တင်ပြပြောဆိုခဲ့သည်ဟု ဆိုသည်။ သို့သော် မြန်မာနိုင်ငံ၏ အကျင့်ပျက်ခြစားမှုများတွင် သူလည်း သူ့သား၏ စီးပွားရေး အကျိုးစီးပွားများမှတဆင့် နက်နက်နဲနဲ ပတ်သက်နေပါသည်။

၅။ (ဂ) အချို့တိုင်းမှူးများသည် ပြုပြင်ပြောင်းလဲလိုသူများ ဖြစ်ကြောင်း၊ နိုင်ငံရေး/စီးပွား ရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ဖို့ လိုသည်ကို ကောင်းစွာသဘောပေါက်ကြောင်း အဆင့်မြင့်နှင့် အလယ်အလတ် စစ်တပ်အရာရှိများနှင့် နီးစပ်သူ မိမိတို့သတင်းရင်းမြစ်များက ပြောဆိုကြသည်။ သို့သော်လည်း ဤသို့ပြောင်းလဲရန်မှာ လက်ရှိ မြန်မာစစ်တပ်စနစ်အတွင်းမှသာ ဖြစ်နိုင်ကြောင်း၊ သို့မှသာ တချိန်တည်းတွင် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်မည်ဟု စစ်တပ်တွင် အများစုက မြင်ကြသည်။ အချို့ အရာရှိများ ဒေါ်အောင်ဆန်းစုကြည်အပေါ် မသိစိတ်၌ လေးစားမှု ရှိသော်လည်း ယေဘုယျအားဖြင့် ဒီမိုကရေစီ အတိုက်အခံများအပေါ် လိုလားထောက်ခံမှု မရှိကြပါ။ ခေါင်းမာဂိုဏ်သား ဗိုလ်ချုပ်များထံမှ ကယ်တင်ရန် စစ်တပ်တွင်း အာဏာသိမ်းမှုများ မျှော်လင့်ရန် မဖြစ်နိုင်ပါ။

--------------------------------------------- --

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီရေး လှုပ်ရှားမှု

--------------------------------------------- --

၆။ (ဂ) စက်တင်ဘာ ဆန္ဒပြပွဲများမှစ၍ မြန်မာနိုင်ငံ၏ အထက်မြက်ဆုံး ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင်များ ထောင်သွင်းအကျဉ်းချခံရ၊ တိုင်းပြည်မှ ထွက်ပြေးရ၊ သို့မဟုတ် ပုန်းရှိုးနေကြရပါသည်။ မြန်မာပြည် ပြင်ပတွင် ပြောဆိုချက်များအရ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရလဒ်ဖြင့် လွှတ်တော်နေရာကို ရယူရန် စောင့်ဆိုင်းနေသူ၊ အကျယ်အပြန့် လူထု ထောက်ခံထားသည့် လှုပ်ရှားမှုဟု ဆိုကြသော်လည်း NLD မှာ လွတ်လပ်စွာ ဆက်ရှိနေပါသည်။ လက်တွေ့တွင် အထင်နှင့်အမြင်လည်း လွဲနေပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ လူထုထောက်ခံမှု အကျယ်အပြန့် ရရှိပြီး မြန်မာပြည်သူ အများစု သူ့ကို ချစ်ခင်ကြသည်မှာ သံသယဖြစ်ဖွယ် မရှိပါ။ သူ့ပါတီကမူ ဤအခြေအနေ မရှိပါ။ အသက်အရွယ်ကြီးနေပြီ ဖြစ်သည့် NLD အန်ကယ်ကြီးများ၏ မာတောင့်အိုရင့်နေသည့် ခေါင်းဆောင်မှုအပေါ် စိတ်ပျက်နေကြပြီး ပြီးခဲ့သည့် စက်တင်ဘာလ ဆန္ဒပြသူများအပေါ် ထောက်ခံရန် ငြင်းဆန်ခဲ့သည့်အခါ ဒီမိုကရေစီရေး လှုပ်ရှားမှုအတွင်း ယုံကြည်မှု ပို၍ပင် ကျဆင်းလာပါသည်။ လူသိ ရှင်ကြား ဝေဖန်မှုများပင် ရှိလာပါသည်။

၇။ (ဂ) လူငယ် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများမှာ NLD ကို စွန့်ခွာ၍ သူတို့တတ်နိုင်သမျှ အပြောင်းအလဲ အပေါ် သက်ရောက်စေရန် ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရန်ပင် ပြင်ဆင်နေကြသည်။ ၎င်းတို့ထဲ ၈၈ မျိုးဆက်များပင် ပါဝင်သည်။ ၈၈-မျိုးဆက်ခေါင်းဆောင်များ အကြား အင်းစိန်ထောင်တွင်းတွင် သူတို့အဖွဲ့ဝင်များ ရွေးကောက်ပွဲ ဝင်သင့်-မဝင်သင့်နှင့် ပတ်သက်၍ အကြီးအကျယ် ငြင်းခုန်နေကြသည်ဟု သိရသည်။ ကိုကိုကြီးက အဖွဲ့ဝင်များကို (ရွေးကောက်ပွဲ) ဝင်စေလိုပြီး မင်းကိုနိုင်ကမူ သပိတ်မှောက်လိုသည်ဟု ဆိုသည်။ ရွေးကောက်ပွဲဝင်လိုသူများက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သဘောမတူ၊ စစ်အစိုးရ၏ လမ်းပြမြေပုံကို ဆန့်ကျင်သည်ဟု ဆိုသည်။ သို့သော်လည်း အခြား ရွေးချယ်စရာ လမ်းမရှိသည့်အတွက်ကြောင့် ဖြစ်ပေါ်လာမည့် လွှတ်တော်သစ်သည် စစ်တပ်နှင့် ဒီမိုကရေစီ လိုလားသူ အတိုက်အခံများ၊ တိုင်းရင်းသား အပစ်ရပ်အဖွဲ့များ ဆွေးနွေးနိုင်မည့် လုပ်ငန်းစဉ်ဟု မြင်ကြသည်။

၈။ (ဂ) အန်ကယ်ကြီးများ NLD ကို ဦးဆောင်နေပုံက မြန်မာ့ဒီမိုကရေစီရေးအတွက် ပါတီအပေါ် အကြီး အကျယ် မျှော်လင့်ချက် မထားနိုင်တော့ပါ။ ပါတီတွင် ထက်-အောက် ဆက်ဆံရေး တင်းတင်းကြပ်ကြပ် လိုက်နာစေပြီး လူငယ် အဖွဲ့ဝင်များ အမြင်သစ်များ မတင်ပြ မဆွေးနွေးနိုင်ကြပါ။ ထို့အပြင် အန်ကယ်များက "သိပ်တက်ကြွလွန်းသူ" ဟု မြင်သူများကိုလည်း ပုံမှန် ထုတ်ပယ်တတ်ပါသည်။ ပါတီခေါင်းဆောင်မှုနှင့် ပတ်သက်၍ စိတ်ဓာတ်ကျရကြောင်း NLD လူငယ်များ ပြောဆိုကြသည်။ ၈၈-မျိုးဆက်ခေါင်းဆောင်များ၏ ကမ်းလှမ်းမှုများနှင့် ထိပ်သီးချင်းဆွေးနွေးရန် ၂ဝဝ၇ အတွင်း ကမ်းလှမ်းမှုများမှာလည်း အုပ်စုများအတွင်း သိသာထင်ရှားသည့် ပူးပေါင်းဆောင်ရွက်မှု မရခဲ့ကြပါ။ အမှန်ဆိုသော် ဒီမိုကရေစီအင်အားစုများအတွင်း ညီညွတ်မှု မဲ့နေသည့်အတွက် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးတွင် အကြီးဆုံးအဟန့်အတား ဖြစ်နေစေပါသည်။

၉။ (ဂ) အန်ကယ်ကြီးများက ဒီမိုကရေစီ အတိုက်အခံများအတွင်းမှ လှုပ်ရှားတက်ကြွ တီထွင်ဖန်တီးမှု ရှိသည့် ခေါင်းဆောင်များကို အကြိမ်ကြိမ် ပယ်ချခဲ့ပါသည်။ ၎င်းတို့က ၂ဝဝ၆၊ ၂ဝဝ၇ နှစ်များတွင် အောက် ခြေထုအတွင်း လူ့အခွင့်အရေးနှင့် နိုင်ငံရေး အသိအမြင်များကို မြှင့်တင်ပြီး စစ်အစိုးရ၏ လွဲချော်သည့် စီးပွား ရေး စီမံခန့်ခွဲမှုများကို ထောက်ပြပြောဆိုကာ မဟာဗျူဟာကျကျ အပြောင်းအလဲများ ဖြစ်ပေါ်လာစေရေး လုပ်ဆောင်၍ ဒီမိုကရေစီရေးကို ပြန်အားမြှင့်ခဲ့ပါသည်။ ထို့ပြင် ပါတီက နည်းပညာပိုင်းအရ ခေတ်မီ တိုးတက်သူ ဘလော့ဂါများ၊ ငယ်ရွယ်၍ နည်းပညာ ကျွမ်းကျင်သူ တက်ကြွလှုပ်ရှားသူများ အင်အားစုများနှင့် လည်း ပူးပေါင်းရန် မကြိုးပမ်းခဲ့ပါ။ သူတို့ ဖော်ထုတ်ပို့ပေးသည့် ဓာတ်ပုံများကြောင့် စစ်အစိုးရ အကြိမ်ကြိမ် နစ်နာရကာ နိုင်ငံတကာတွင် ယုံကြည်မှုပျက်ယွင်းစေခဲ့ပါသည်။ ၎င်းအစား အန်ကယ်ကြီးများက ၁၉၉ဝ ရွေးကောက်ပွဲတွင် သူတို့ထိုက်တန်သည့်ရခွင့်များအကြောင်း နာရီပေါင်းများစွာ ဆွေးနွေးကာ ချမှတ်ရန် မဖြစ်နိုင်သည့် စိတ်ကူးယဉ် မူဝါဒများကို ဆွေးနွေးနေခဲ့သည်။ XXXXXXXXXXXX ထိုမျှမက ရွေးချယ်ခံရသည့် အမတ်အများစုကလည်း မြန်မာပြည်သူ အများစု၏ လူမှုရေး၊ စီးပွားရေး ဘဝများကို မပူပန် မစဉ်းစားကြပါ။ သို့အတွက်ကြောင့် ပြည်သူအများစုက သူတို့ကို မသက်ဆိုင်တော့သူများသဖွယ် ထင်မြင်လာကြသည်။

----------------------------

တိုင်းရင်းသား အပစ်ရပ်အုပ်စုများ

----------------------------

၁ဝ။ (ဂ) အပစ်ရပ် အင်အားစုများသည် မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေးတည်ငြိမ်မှုအတွက် အရေးပါသည့် အင်အားစုဖြစ်သလို မှတ်သားသင့်သည်က ၎င်းတို့ မည်သည့်အုပ်စုကမှ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ပါတီကို ထောက်ခံမှု မရှိခြင်းပင် ဖြစ်သည်။ ၎င်းအစား သူတို့က စစ်အစိုးရနှင့် ဆွေးနွေးပြီး သူတို့အုပ်စု ခေါင်းဆောင်များအတွက် မြိုးမြိုးမြက်မြက် သဘောတူညီချက်များ ရယူနိုင်ခဲ့ကြသည်။ သို့သော်လည်း အပစ်ရပ် အင်အားစု ခေါင်းဆောင်အများက မိမိတို့ကို ပြောရာတွင် သူတို့ အကျိုးစီးပွား အကောင်းဆုံးဖန်တီးပေးနိုင်သူ မည်သူမဆိုနှင့် လက်တွဲရပ်တည်မည်ဟု ဆိုကြပါသည်။ စစ်အစိုးရက မည်မျှဆိုးရွားစွာ လုပ်ကိုင်ဆောင်ရွက်နေသည် ဖြစ်စေ၊ NLD က သူတို့အကျိုးအတွက် ဆောင် ကျဉ်းပေးနိုင်သည်ဟု ကမ်းလှမ်းရန် အပစ်အခတ်ရပ်စဲရေး အင်အားစုများနှင့် ထိတွေ့ဆက်ဆံရေး အခွင့်အလမ်းများစွာ အကြိမ်ကြိမ် လွဲချော်ခဲ့ပါသည်။ ထိုမျှမက NLD က ၎င်းနှင့် စစ်အစိုးရအကြား ပထမ ဦးဆုံး တွေ့ဆုံဆွေးနွေးမှုပြုရန်၊ နောက်မှ အပစ်အခတ်ရပ် အင်အားစုများ ရောနှောဆွေးနွေးစေရန်သာ အစဉ် ကြေညာချက်များ ထုတ်ပြန်နေခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီ (CRPP) ရှိ ရွေးချယ်ခံ တိုင်းရင်းသား လွှတ်တော်အမတ်များနှင့်လည်း သူတို့ အမြဲအငြင်းပွားနေခဲ့သည်။

RANGOON 00000557 003.2 OF 004

၁၁။ (ဂ) အပစ်ရပ်အဖွဲ့များ အနေနှင့် စစ်အစိုးရနှင့် ပြောဆိုဆွေးနွေးနေရာမှ ဆုတ်ခွာ၍ NLD နှင့်မဟာမိတ် ပြုလာရန် ဆိုသည်က တိုင်းရင်းသားများဘက်၌ ကာလအတော်ကြာကပင် တင်းမာမှုများ ရှိနေသည်။ တရုတ် အပါအဝင် မြန်မာ့အိမ်နီးချင်းများကလည်း NLD နှင့် တိုင်းရင်းသားလူမျိုးစုများအကြား တင်းမာမှုကို သတိပြုမိကြသည်။ NLD က ဆက်၍ တိုင်းရင်းသား လူနည်းစုများကို ပစ်ပယ်နေခြင်းကြောင့် စစ်အစိုးရသာ မြန်မာနိုင်ငံ တည်ငြိမ်ရေးအတွက် ထိန်းသိမ်းအာမခံနိုင်သည့် တခုတည်းသော အင်အားစုဟု အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံကြား ပိုယုံကြည်အောင် ပြောနိုင်စရာ ဖြစ်နေတော့သည်။

၁၂။ (ဂ) ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ် ဂမ်ဘာရီမှတဆင့် ဒေါ်အောင်ဆန်းစုကြည် မကြာမီက ထုတ်ပြန်ကြေညာချက်တွင် ဤပြဿနာနှင့် ပတ်သက်၍ သူကောင်းစွာ သဘောပေါက်ကြောင်း အမှန်သိစေလိုသည့် သဘောပါသည်။ သူက တိုင်းရင်းသားလူမျိုးစုများထံ ဤသို့ကမ်းလှမ်းချက်ကို မိမိတို့ ပြောခွင့်ရသည့် အပစ်ရပ်အဖွဲ့ခေါင်းဆောင်များက ကြိုဆိုကြသည်။ သို့သော်လည်း သူ့ပါတီက ဤကြိုးပမ်းချက်ကို ဆက်ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်။ တိုင်းရင်းသား ခေါင်းဆောင်များထံ စိတ်မပါ့တပါနှင့် ရန်ကုန်ဌာနချုပ် လာကြရန် ဖိတ်ခေါ်ချက်ကိုသာ ထုတ်ပြန်ခဲ့သည်။ ဤတကြိမ်တွင်လည်း သူတို့က တိုင်းရင်းသားများကို ဒုတိယအဆင့် ထောက်ခံပံ့ပိုးသူများ နေရာသို့သာ လျှော့ချထားပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ကြေညာချက်သည် မဟာဗျူဟာအရ ချိန်ကိုက်ဖြစ်သည်။ ဖွဲ့စည်းပုံ ဥပဒေအပေါ် ဆန္ဒခံယူပွဲ မတိုင်မီဖြစ်ပြီး ၎င်းအပေါ်တွင်လည်း အပစ်ရပ်အုပ်စုများက မကျေနပ်ဖြစ်ကြချိန် ဖြစ်သည်။ အကြောင်းမှာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ခင်ညွန့် ရာထူးမပြုတ်မီက ကတိပြုခဲ့သည့် အဓိကကျသော ဆွေးနွေးသဘောတူညီချက်များ မပါသည့်အတွက်ကြောင့် ဖြစ်သည်။NLD သာ အစစ်အမှန် ကမ်းလှမ်းပါက အပစ်ရပ်အင်အားစုများ စစ်အစိုးရထံက ကွဲထွက်လာနိုင်ပြီး ဒေသတွင်းမှ ထောက်ခံနေသည့် နိုင်ငံများအကြား ယုံကြည်မှုလည်း လျော့ပါးလာစေမည် ဖြစ်သည်။ အန်ကယ်ကြီးများက အခွင့်အလမ်းကို လက်လွတ်ခဲ့သည်။ သို့နှင့် အပစ်ရပ်အုပ်စုများလည်း စစ်အစိုးရနှင့် ဆက်ဆံရေး ဆက်၍ တည်မြဲနေရသည်။

-------------------------

ယခုအခြေအနေမှ မည်သို့ ရှေ့ဆက်ကြမည်နည်း။

-------------------------

၁၃။ (ဂ) နိုင်ငံတဝှမ်းလုံး စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှု၊ အုပ်ချုပ်ရေး ညံ့ဖျင်းမှုများ အပေါ် အကျယ်အပြန့် တိုး၍ စိတ်ပျက် ဒေါသဖြစ်နေကြပါသည်။ အနည်းဆုံး ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ်ရှိနေစဉ်တွင်ပင် ဒီမိုကရေစီအတွက် ဆက်လက်လှုပ်ရှားမှုများကို လက်မလျှော့ဘဲ လုပ် ဆောင်နေကြဆဲ ဖြစ်သော်လည်း NLD က ဒီမိုကရေစီ အပြောင်းအလဲများ ဆောင်ကျဉ်းပေးနိုင်လိမ့်မည်ဟု မြန်မာအများစုက မယုံကြည်ကြပါ။ ပြဿနာများကို သူတို့ ကိုယ်တိုင်ရှင်း၍ သူတို့ရပ်ရွာ၊ လူနေမှုဘဝ တိုးတက်လာစေရေးအတွက် ရသမျှကွက်လပ်မှ တီထွင် ဖန်တီးမှုရှိရှိ လုပ်ဆောင်နေကြပါသည်။

၁၄။ (ဂ) နာဂစ်မုန်တိုင်းသင့်ပြီးနောက် နိုင်ငံတကာမိသားစုကို ပိတ်ပင်ထားချိန်၌ တုံ့ပြန်ကူညီခဲ့ကြသည့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်း များကဲ့သို့ပင် အတိုက်အခံများ၊ သာမန်မြန်မာပြည်သူများက သူတို့၏ အရပ်ဖက်လူမှုရေးအစီအစဉ်များထဲသို့ ဒီမိုကရေစီ ကျင့်စဉ်များကို တီထွင်ဖန်တီးမှု ရှိရှိ ထည့်သွင်းကျင့်သုံးရန် ကြိုးပမ်းနေကြပါသည်။ ပုဂ္ဂလိက ကျူရှင်ကျောင်းများ၊ သဘာဝ ပတ်ဝန်းကျင် အစီအစဉ်များ၊ ကျန်းမာရေး ပညာပေးလုပ်ငန်းများ၊ ဘာသာရေး အဖွဲ့အစည်းများတွင် ကြိုးပမ်းကျင့်သုံးနေကြသည်။ ဤလုပ်ငန်းစဉ်များမှတဆင့် အပြောင်းအလဲများ ဖြစ်ပေါ်လာမည်၊ သို့သော် လူအများလိုလားသည်ထက် ကြာမြင့်မည် ဖြစ်သည်။ သို့သော်လည်း စက်တင်ဘာ ၂ဝဝ၇ ဆန္ဒပြပွဲများ နောက်ပိုင်း စစ်အစိုးရက အခြားရွေးချယ်စရာလမ်းများကို ပိတ်ပင်ခဲ့ပြီးနောက် ယခု လုပ်ငန်းများသည်သာ ဖြစ်နိုင်သည့် လမ်းကြောင်း ဖြစ်ပါသည်။ ဤနည်းသည်သာ မြို့ပြ ပညာတတ် လူနည်းစုများမှစသည့် ထက်-အောက်စီးဆင်းသည့် လှုပ်ရှားမှုပုံစံ မဟုတ်ဘဲ အောက်ခြေထုတွင်း ရပ်ရွာလူထု၏ တာဝန်ဝတ္တရားများကို ဒေသ အဆင့်တွင် သင်ကြားပေးရင်း အပြောင်းအလဲ ဖြစ်လာစေရန် မြှင့်တင်ဆောင်ရွက်ရမည့် နည်းလမ်းလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အင်အားကောင်းသည့် အရပ်ဘက်လူမှု အဖွဲ့အစည်းများကို မိမိတို့ မြင်တွေ့ရန် လိုလားနေသည့် ကိစ္စလည်း ဖြစ်သည်။ သို့မှသာ မည်သို့ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်ပေါ်လာသည်ဖြစ်စေ၊ အောင်မြင်ရန် အခွင့်အလမ်း ပိုများမည် ဖြစ်သည်။

၁၅။ (ဂ) မြန်မာနိုင်ငံကို အထီးကျန်ဖြစ်စေရေး အဆုံးသတ်ရန်ကိစ္စမှာနိုင်ငံအတွင်း အောင်မြင်သော ရေရှည် အပြောင်းအလဲများ ဖြစ်ပေါ်စေရေးအတွက် ကဏ္ဍတစိတ်တပိုင်း အနေနှင့် ပါဝင်သည်။ မြန်မာနိုင်ငံတွင် ဒီမို ကရေစီ အပြောင်းအလဲများ မည်သို့မည်ပုံ ဖြစ်ပေါ်လာသည် ဖြစ်စေ၊ နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး နယ်ပယ် အကျယ်အပြန့်ကို ထိန်းချုပ်ထားသည့် စစ်တပ်က ပါဝင်ပတ်သက်နေရမည်သာ ဖြစ်သည်။ မိမိတို့က ပို၍တိုးတက်သော စစ်တပ်အရာရှိများ၊ ထိပ်တန်း စစ်ဗိုလ်ချုပ်များထံ ပေါက်ရောက်သူ များကို ရှာဖွေ၍ စကားပြောနိုင်ရန် ကြိုးပမ်းရမည် ဖြစ်သည်။ ဒီမိုကရေစီအပြောင်းအလဲအပေါ် သူတို့ရန်လိုနေကြခြင်းမှာ အနောက်နိုင်ငံများအပေါ် ကြောက်ရွံ့စိတ်နှင့် မယုံကြည်စိတ်ကြောင့် ဖြစ်သည်။ မိမိတို့က သူတို့ကို ပြစ်ဒဏ်ခတ်ဖို့ ကြိုးစားနေသည်ဟု ယုံကြည်နေပြီး မြန်မာနိုင်ငံ အနာဂတ်တွင် အရေးပါသည့် သူတို့အခန်းကဏ္ဍကို ဖျက်ဆီးပစ်မည်ဟု ယူဆနေကြသည်။ မိမိတို့ ဤအချက်ကို ချေဖျက်နိုင်ပါက သူတို့နှင့် တိုက်ရိုက်ဆွေးနွေးနိုင်ပြီး သတင်းစကားကို ပုံပျက်စေသော ကြားလူများထက် ပို၍ ကောင်းပေလိမ့်မည်။

၁၆။ (ဂ) အကယ်၍ စစ်ဗိုလ်ချုပ်များက မိမိတို့က စကားပြောရန် ဆုံးဖြတ်မည်ဆိုပါက မိမိတို့က မဟာ ဗျူဟာကျစွာ ဆောင်ရွက်ရမည်။ တွေ့ဆုံဆွေးနွေးမှုကို နည်းလမ်းတခုအဖြစ် အသုံးချ၍ စစ်ဗိုလ်ချုပ်များကို ၂၁ ရာစုသို့ ခေါ်ဆောင်လာရမည် ဖြစ်သည်။

RANGOON 00000557 004.2 OF 004

ဤဆွေးနွေးမှုများသည် နိုင်ငံတကာ အစည်းအဝေးများ အပြင်ဘက်တွင် ဖြစ်နိုင်သည်။ သူတို့ကို ပြင်ပကမ္ဘာ ၏သံတမန်ရေး တန်ဖိုးထားချက်များကို ထိတွေ့စေ၍ ခေတ်သစ်ကမ္ဘာနှင့် ယှဉ်လျှင် မြန်မာနိုင်ငံက နောက်ကျနေပြီကို မြင်သာစေရမည် ဖြစ်သည်။ သို့နှင့် စစ်ဗိုလ်ချုပ်များအကြား သူတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ကင်းမဲ့နေပုံကို ပို၍ ကျယ်ပြန့်စွာ သိမြင်လာစေမည် ဖြစ်သည်။ ဤကိစ္စများကို သေချာပြင်ဆင်ဆောင်ရွက် ရန် လိုအပ်ပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံများကလည်း မြန်မာစစ်ဗိုလ်ချုပ်များထံသို့ နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးမှုများတွင် သတင်းစကား အတူတူ ပေးကြရမည် ဖြစ်သည်။ ဤသို့သတင်းစကား ညီညွတ်မှုကြောင့် စစ်အစိုးရကို တိုက်တွန်းရာတွင် များစွာ ထိရောက်စေပြီး နာဂစ်မုန်တိုင်းပြီး နိုင်ငံတကာ အကူ အညီများအတွက် တံခါးပွင့်လာစေခဲ့သည်။

---------------------------

နည်းနည်းပေး၊ နည်းနည်းပြန်ရ

---------------------------

၁၇။ (ဂ) မိမိတို့၏ စီးပွားဒဏ်ခတ် ပိတ်ဆို့မှုအရ ကျင့်ဝတ်သိက္ခာအရ အပေါ်စီးနေရာရသော်လည်း ဘက်စုံ မဟုတ်သောကြောင့် ထိရောက်မှု မရှိပါ။ မြန်မာနိုင်ငံ၏ အဓိကဖောက်သည်နိုင်ငံများက ပါဝင်ရန် ငြင်းဆန်နေကြသည်။ သို့သော်လည်း စစ်ဗိုလ်ချုပ်များက ပိတ်ဆို့ဒဏ်ခတ်မှုကို မုန်းတီးပြီး သူတို့၏ တရားဝင်မှုအပေါ် ပြဿနာရှိစေသောကြောင့် ဖယ်ရှားစေလိုကြသည်။ စစ်ဗိုလ်ချုပ်များ အမှန် တကယ် တိုးတက်ဆောင်ရွက်လာသည်ကို မိမိတို့ မြင်တွေ့လိုပါက သူတို့ အပြန်အလှန်သဘောဖြင့် ပြန်ရ မည်ကို သိမြင်စေရမည် ဖြစ်သည်။ ဆိုလိုသည်မှာ တွေ့ဆုံဆွေးနွေးမှုနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ အစစ်အမှန် အဆင့်အလိုက် ဆောင်ရွက်သွားလျှင် ပိတ်ဆို့ဒဏ်ခတ်မှု ဖြည်းဖြည်းချင်း ရုပ်သိမ်းသွားနိုင် မည် ဖြစ်သည်။

၁၈။ (ဂ) မိမိတို့က ခြေလှမ်းအငယ်စားနှင့် စတင်ရန် လိုအပ်ပြီး သူတို့ကို လက်တွေ့လုပ်ဆောင်စေရမည်။ (ပြီးခဲ့သည့် နိုဝင်ဘာလက ဒေါ်အောင်ဆန်းစုကြည်နှင့် ဆောင်ရွက်ခဲ့သည့် အတုအယောင် တွေ့ဆုံမှုမျိုး မဟုတ်ပါ။) သူတို့ဘက်က အမှန်တကယ် တိုးတက်အောင် မလုပ်ပါက မိမိတို့က သူတို့ကို တခုခု ကမ်းလှမ်းရန် ပြင်ဆင်ထားဖို့လည်း လိုအပ်ပါသည်။ ဥပမာအားဖြင့်- လူကုန်ကူးမှု နိုင်ငံအဆင့်-၃ မှ ဖယ်ရှားပေးခြင်း၊ သို့မဟုတ် မူးယစ်ဆေး အဓိကကုန်သွယ်နေသည့် နိုင်ငံမှ ဖယ်ရှားပေးခြင်း စသည်တို့ ဖြစ်သည်။ ဤကိစ္စများတွင် စစ်အစိုးရဘက်က အမှန်တကယ် တိုးတက်မှုများ ရှိခဲ့သည်။ ဤလုပ်ငန်းစဉ်ကို ဖြည်းဖြည်းချင်း ဆောင်ရွက်သင့်ပြီး လက်ဆုပ်လက်ကိုင်ရလဒ်ပေါ်တွင်သာ အခြေခံသင့်သည်။ အကြီးစား အပေးအယူပြုမှသာ အကြီးစားဆုလာဘ်ရသင့်သည်။ ဥပမာ- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါက ဗီဇာပိတ်ဆို့ထားမှု ရုပ်သိမ်းပေးခြင်းမျိုး ဖြစ်သည်။ အကယ်၍ သူတို့သာ အာဏာမှဖယ်ရှားပေးပါက ထိပ် တန်း စစ်ဗိုလ်ချုပ်ကြီးများနှင့် မိသားစုများအတွက် လုံခြုံရေးအာမခံချက်ကို မိမိတို့က စားပွဲပေါ်တင်ပေးခြင်း လည်း စဉ်းစားနိုင်သည်။ ၂ဝ၁ဝ လွှတ်တော် ရွေးကောက်ပွဲများ နီးကပ်လာသည်နှင့်အမျှ အလားတူသဘော တူညီမှုမျိုးအတွက် သူတို့နှင့် စကားပြောရန် မဟာဗျူဟာမြောက် အချိန်ပင် ဖြစ်သည်။ နိုင်ငံတကာ ရွေး ကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ခွင့်ပြုခြင်း၊ လွတ်လပ် မျှတစွာ ဆွေးနွေးငြင်းခုန်ခွင့် ပိတ်ပင်တားမြစ် ထားမှုများ လျှော့ပေါ့ခြင်း၊ အဓိကကျသော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းနှင့် တခုခုတိကျသော ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းပေးခြင်းလည်း တွဲချိတ်ထားနိုင်သည်။

၁၉။ (ဂ) စစ်ဗိုလ်ချုပ်များနှင့် စကားပြောဆိုရသည်မှာ သဘောတွေ့စရာ မရှိသော်လည်း မြန်မာနိုင်ငံကို သူတို့ ခိုင်မြဲစွာ ထိန်းချုပ်ထားမှု၊ ဒီမိုကရေစီ အင်အားစုများ၏ အားနည်းနေချက်က လက်တွေ့အခြေအနေ ဖြစ်နေပြီး မြန်မာနိုင်ငံတွင် ပြောင်းလဲစေလိုလျှင် မိမိတို့ ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။ များမကြာမီတွင်း ဒီမိုကရေစီ အပြောင်းအလဲများ မြင်ရရန် အခြေအနေ နည်းပါသည်။ သို့သော်လည်း စက်တင်ဘာဆန္ဒပြပွဲများ ပြီး နောက်ပြန်ဆုတ်မှုများ ရှိခဲ့သော်လည်း နောက်ဆုံးတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာရန် မျှော်လင့်ချက်များ ရှိပါသည်။ ပြင်ပကမ္ဘာမှ သူတို့ကို ဆိုးရွားသည့် စစ်ဗိုလ်ချုပ်များ အုပ်ချုပ်ရေးအောက်မှ ကယ်တင်လွတ်မြောက်စေရန် နှစ်ပေါင်းများစွာကြာအောင် မြန်မာပြည်သူများ မျှော်လင့်လာကြသည့်နောက် ယခုအခါ မြန်မာလူမျိုးအများက ရပ်ရွာအခြေပြု အဖွဲ့များမှတဆင့် အရည်အသွေး မြှင့်တင်ပေးရေး၊ အရပ်ဖက် လူထုအဖွဲ့များ တည်ဆောက်ခြင်းဖြင့် တီထွင်ဖန်တီးသော နည်း သစ်များဖြင့် သူတို့ ပြန်လည်ထိန်းချုပ်မှု ရရှိနိုင်ရေး ကြိုးပမ်းနေကြပါသည်။ ဤအဖွဲ့များမှတဆင့် ခေါင်း ဆောင်များ ပေါ်ထွက်လာပြီး ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ကာ ဒီမိုကရေစီ အပြောင်းအလဲများအတွက် လုပ်ဆောင်နိုင်ကြပေလိမ့်မည်။

၂ဝ။ (ဂ) မြန်မာနိုင်ငံ၏ ထွန်းသစ်စ အရပ်ဘက်လူမှု အသိုင်းအဝန်းကို ထောက်ခံပံ့ပိုးရန်နှင့် အရည်အသွေး မြှင့်တင်ပေးရန် ရလာသည့်အခွင့်အရေးတိုင်းကို မိမိတို့က ရှာဖွေနေရပါမည်။ လူသားချင်းစာနာမှု အကူအညီ များ နိုင်ငံအတွင်း တိုးမြှင့်ပေးခြင်းဖြင့် မိမိဘာသာ ရပ်တည်ထူထောင်နိုင်ရေး၊ ပဋိပက္ခဖြေရှင်းရေး၊ လူ့အခွင့် အရေးများ လေးစားလိုက်နာရေးကို မြှင့်တင်ပေးရပါလိမ့်မည်။ ဤမူဝါဒသည် မိမိတို့၏ သြဇာကို ပိုမိုချဲ့ထွင် နိုင်မည် ဖြစ်ပြီး နိုင်ငံတဝှမ်း မိမိတို့ ထိတွေ့မှုကိုလည်း ပို၍များစေမည် ဖြစ်သည်။ ဤချဉ်းကပ်မှုမှ မသိမသာ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံတွင်း အပြောင်းအလဲများကို မိမိတို့ တိုးတက်သိရှိလာနိုင်မည် ဖြစ်ပြီး အကယ်၍ အပြောင်းအလဲများ ဖြစ်ပေါ်လာပါက မိမိတို့၏ အနေအထားနှင့် သြဇာကိုလည်း ကြီးထွားအား ကောင်းစေမည် ဖြစ်သည်။ ဤသို့ဖြင့် မြန်မာပြည်သူများကို နိုင်ငံရေး/စီးပွားရေးစနစ်များ ပြုပြင်ပြောင်းလဲနိုင် ရန် ကူညီပေးနေရင်း အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးနှင့် မဟာဗျူဟာ အကျိုးစီးပွားကိုလည်း မြှင့် တင်ပေးရာ ရောက်စေပါသည်။ မိမိတို့၏ မြန်မာနိုင်ငံမူဝါဒက ဒီမိုကရေစီ အပြောင်းအလဲအတွက် သူတို့ဖာသာ ကြိုးပမ်းနေကြသည့် မြန်မာပြည်သူလူထုကို အထက်ပါ အချက်များအတိုင်း ထောက်ခံကူညီသင့်ပြီး ဤနည်းနှင့်သာ တကယ် အောင်ပွဲခံနိုင်မည် ဖြစ်သည်။

ဗယ်လာရိုဆာပြန်ခေါက်ထားခဲ့လေ

ယူရေနီယံနှင့် ၀ိခီလိခ် ပုလင်းတွင်းသွပ်သွင်းရောင်းချရာမှ ထွက်လာသော ၀ိခီလိ ခ် သတင်း

မြန်မာအရပ်သားက ယူရေနီယံဆိုသည့် ပစ္စည်း ရောင်းချမည်ဟု ကမ်းလှမ်းလာခြင်း

08RANGOON749 2008-09-23 08:08 2010-12-09 21:09 SECRET Embassy Rangoon VZCZCXYZ0017 OO RUEHWEB
DE RUEHGO #0749/01 2670859
ZNY SSSSS ZZH
O 230859Z SEP 08
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC IMMEDIATE 8191
INFO RUEKJCS/SECDEF WASHDC IMMEDIATE
RUCNDT/USMISSION USUN NEW YORK IMMEDIATE 2005
RUEKJCS/JOINT STAFF WASHDC IMMEDIATE
RHHMUNA/CDR USPACOM HONOLULU HI IMMEDIATE
RHEHNSC/NSC WASHDC IMMEDIATE
RHMCSUU/FBI WASHINGTON DC IMMEDIATE
RHMFISS/DEPT OF HOMELAND SECURITY WASHINGTON DC IMMEDIATE
RUEAIIA/CIA WASHDC IMMEDIATE
RUEKJCS/DIA WASHDC IMMEDIATE
Tuesday, 23 September 2008, 08:59
S E C R E T RANGOON 000749
SIPDIS
FOR STATE ISN/CTR AND PM/ISO/PMAT (24/7)
DEPT PLEASE PASS TO DEPT OF ENERGY
EO 12958 DECL: 09/23/2018
TAGS KNNP, MNUC, PARM, KCRM, PTER, ASEC, KCOR, BM
SUBJECT: BURMESE CIVILIAN OFFERS TO SELL PURPORTED URANIUM
238 TO U.S. EMBASSY RANGOON, BURMA
REF: A. 2007 STATE 162091 B. USDAO RANGOON IIR 6 812 0131 08
Classified By: CDA Larry Dinger for Reasons 1.4 (b and d)

အကြောင်းအရာ။ ။ မြန်မာအရပ်သားက ယူရေနီယံဆိုသည့် ပစ္စည်း ရောင်းချမည်ဟု ကမ်းလှမ်းလာခြင်း။
လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ ။ သံရုံးတာဝန်ခံ လယ်ရီ ဒင်းဂါး၊ အကြောင်းပြချက် 1.4 (b and d)

၁။ (S//REL to USA, ACGU) Per Ref A, XXXXXXXXXXXX တွင် တာဝန်ချထားသူက ဌာနနှင့် ဝါရှင်တန် အေဂျင်စီများသို့ USDAO က DIA ထံမှ လမ်းညွှန်ချက် ရရှိပြီးနောက် သတိပေး တပ်လှန့်လာပါသည်။ မြန်မာ အရပ်သားတဦးက USDAO ရန်ကုန် အဖွဲ့ဝင်များနှင့် တွေ့၍ ယူရေနီယံ-၂၃၈ ရောင်းချရန် ကမ်းလှမ်းလာပါ သည်။ သူက USDAO နှင့် ဤကိစ္စမတိုင်ခင် ၈-ရက်က ဆက်သွယ်လာပြီး ပုလင်းငယ် တဝက်ခန့်ရှိ သတ္တုပေါင်ဒါမှုန့်များနှင့် ၁၉၉၂ ရက်စွဲဖြင့် တရုတ်နိုင်ငံရှိ တက္ကသိုလ်တခုက စမ်းသပ်စစ်ဆေးထားသည့် လက်မှတ်မိတ္တူကို ဤပေါင်ဒါမှုန့်များ ရေဒီယိုဓာတ်ကြွမှု သက်သေအဖြစ် တင်ပြသည်။ XXXXXXXXXXXX တွေ့ဆုံ ဆွေးနွေးစဉ်တွင် ၎င်းက ကီလိုဂရမ် ၂,ဝဝဝ ရှိ ယူရေနီယံ ပါဝင်သော ကျောက်ခဲများ ရပေးနိုင်ကြောင်း၊ ကယားပြည်နယ် XXXXXXXXXXXX တွင် ရှိကြောင်း ပြောသည်။ အမေရိကန်က ယူရေနီယံ ဝယ်ယူရန် ဆန္ဒမရှိပါက သူတို့ အခြားနိုင်ငံများသို့ ရောင်းမည်ဟုလည်း ထပ် ပြောသေးသည်။ ထိုင်းနိုင်ငံသို့ စတင်ချည်းကပ်မည် ဆိုသည်။ နောက်ထပ် သတင်းအချက်အလက်အတွက် Ref B ကို ကြည့်ပါ။

၂။ (S//REL TO USA, ACGU) ဆက်လက်ဖြစ်ပျက်ပုံ အသေးစိတ် keyed to questions in Ref A: A) (S//REL to USA, ACGU) ၎င်းပစ္စည်း လက်ရှိ တည်ရှိရာနေရာ- ၎င်းနမူနာပုလင်းကို လျှို့ဝှက် သံတမန် အိတ်ဖြင့် Aberdeen Proving Grounds သို့ DIA မှတဆင့် ပို့ဆောင်ပြီးဖြစ်။

B) (S//REL to USA, ACGU) ၎င်းပစ္စည်း ပို့ဆောင်မှု အနေအထား- ၎င်းနမူနာပုလင်းကို လျှို့ဝှက် သံတမန် စာပို့စနစ်ဖြင့် ပေးပို့ပြီးဖြစ်။ ၎င်းနမူနာကို အထပ်ထပ်ရစ်ပတ်ထုပ်ပိုးပြီး ပုံးအထပ်ထပ်တွင်ထည့်သည်။ မှန်၊ ခဲ၊ သစ်သားသေတ္တာများဖြင့် ထုပ်ပိုးသည်။ DIA ဌာနချုပ်ထံမှ ညွှန်ကြားချက်ရပြီးနောက် USDAO က ၎င်း ပစ္စည်းကို သံတမန်စာအိတ်ဖြင့် Aberdeen Proving Grounds သို့ DIA မှတဆင့် 3100 Clarendon, Arlington, VA သို့ ပို့ဆောင်သည်။ ၎င်းသေတ္တာတွင် "လျှို့ဝှက်" ဟု ဖော်ပြထားသည်။ အရွယ်အစားမှာ 16 X 16 X 8 လက်မ ဖြစ်သည်။ ရန်ကုန်သံရုံးက ပြောရာတွင် အိမ်ရှင် (မြန်မာ) နိုင်ငံဘက်က USDAO ၏ လက်ခံရရှိမှုနှင့် ၎င်းပစ္စည်း ပို့ဆောင်မှုကို သတိပြုမိပုံ မရှိပါ။ သို့သော်လည်း ဖြစ်နိုင်ခြေကို လျှော့တွက်မရပါ။ အမြတ်အစွန်းအတွက် ဤပစ္စည်းကို ရောင်းချသည်ထက် စာလျှင် အစိုးရ ထောင်ချောက်အတွက် ဇာတ်ပို့ လုပ်ပေးသည်လည်း ဖြစ်နိုင်သည်။

C) (S//REL to USA, ACGU) မှတ်ချက်ပြုထားသည့်အတိုင်း မြန်မာအစိုးရသည် လက်ရှိအခြေအနေတွင် USDAO က ၎င်းပစ္စည်း လက်ခံရရှိမှုနှင့် နမူနာပို့ဆောင်မှုကို သိရှိပုံ မရှိပါ။ အကယ်၍ ၎င်းပစ္စည်းများ ရှိနေ သည်ကို သိပါက နမူနာများ၊ ပစ္စည်းသိုလှောင်ထားမှုများကို သိမ်းဆည်းလိမ့်မည် ဖြစ်သည်။

D) (S//REL to USA, ACGU) နမူနာကို စီးပွားဖြစ် လေကြောင်းလိုင်းမှ သံတမန်စာအိတ်ဖြင့် ပေးပို့ခဲ့ပြီး ဖြစ်သည်။

E) (S//REL to USA, ACGU) ၎င်းပစ္စည်း ဆိုက်ရောက်မည့်နေရာ- ယူရေနီယံဟုဆိုသော ၎င်းပစ္စည်းကို အမေရိကန် ပြည်ထောင်စုသို့ ရန်ကုန်သံရုံးမှတဆင့် ရောင်းချရန် သူက ရည်ရွယ်ထားသည် ဆိုသည်။ အခြားဖော်ပြသော နေရာများမှာ ထိုင်းနှင့် တရုတ်သံရုံးတို့ ဖြစ်သည်။ သူက ၎င်းပစ္စည်းကို ရန်ကုန်တွင်ပင် ရောင်းချလိုသည်။ ၎င်းပစ္စည်းကို နယ်စပ်ဖြတ်ကျော်ထုတ်မည့် သဘော မပြောပါ။

F) မသိရှိပါ။

G - J) (S//NF) ၎င်းက သူ့ကိုယ်သူ XXXXXXXXXXXX ဟု ဖော်ပြ ပြောဆိုသည်။
(S//REL TO USA, ACGU) သူက (၁. ၈) အောင်စရှိ ပုလင်းငယ်တခု (၇ဝ မမ ရှည်-၂၆ မမကျယ်) ကို ယူလာပြီး အတွင်းတွင် မီးခိုးရောင် သတ္တုမှုန့်များ ပါဝင်သည်။ ၎င်းပစ္စည်းမှာ ယူရေနီယံ-၂၃၈ ပေါင်ဒါမှုန့် ဖြစ်ကြောင်း သူက ပြောသည်။ သူက အုပ်စုလေးတခုကို ကိုယ်စားပြုပြီး အမေရိကန်သံရုံးသို့ ယူရေနီယံ ရောင်းလိုသည်ဟု ဆိုသည်။ သူ့အဆိုအရ သူ့ထံတွင် ယူရေနီယံပါသည့် ကျောက် သို့မဟုတ် အရိုင်းခဲများ ၅ဝ ကီလိုဂရမ်ခန့် ရှိနေပြီး ရန်ကုန်ရှိ မဖော်ပြလိုသော နေရာတွင်ရှိသည်ဟု ဆိုသည်။ ၎င်းတို့ကို သံစည်များဖြင့် ထည့်သွင်းထားပြီး ရေဒီယိုဓာတ်ကြွ အဆိပ်မသင့်စေရန် XXXXXXXXX ကာကွယ်ထားသည်ဟု ဆိုသည်။ ကယားပြည်နယ်ရှိ နေရာတွင် နောက်ထပ် ကီလိုဂရမ် ၂, ဝဝဝ ခန့်တူးဖော် ရနိုင်မည်ဟု ခန့်မှန်းသည်။ ယူရေနီယံကို မကြာမီက ရန်ကုန်ယူလာသည်။ (အချိန်ကာလ အတိအကျကို သူမပြောပါ)။ သူက ယူရေနီယံကို ကယားပြည်နယ်အတွင်း ၁၉၉၂ မှစ၍ တွေ့ခဲ့သည်ဟု ဆိုသည်။ XXXXXXXXXXXX
(S//REL TO USA, ACGU) သူက XXXXXXXXXXXX သည် ယူရေနီယံနှင့် ပတ်သက်၍ သိရှိသည်ဟု ပြောသည်။ XXXXXXXXXXXX

K) N/A.

L) N/A.

M) (S//REL TO USA, ACGU) တွေ့ဆုံမေးမြန်းမှုကို ရန်ကုန်သံရုံးရှိ (လမ်းလျှောက်ဝင်လာတွေ့နိုင်သော) ကောင်စစ်ဝန် တွေ့ဆုံခန်း၌ ဆောင်ရွက်သည်။

N) အခြား အသေးစိတ်အချက်များ: Ref B တွင် ဤဖြစ်ရပ်နှင့် ပတ်သက်သည့် အခြား ရရှိနိုင်သမျှသော သတင်းအချက်အလက်များ ပါဝင်သည်။

¶3. (SBU) XXXXXXXXXXXX

ဒင်းဂါးပြန်ခေါက်ထားခဲ့လေ

မြန်မာပြည် လှိုင်ခေါင်းထဲက ထွက်လာတဲ့ ဝိခီလိ ခ်

ဒုံးပျံများ တပ်ဆင်ရာနှင့် မြေအောက်လိုဏ်ခေါင်းများ တည်ဆောက်ရာ
04RANGOON1100 2004-08-27 08:08 2010-12-09 21:09 SECRET Embassy Rangoon
This record is a partial extract of the original cable. The full text of the original cable is not available.
Friday, 27 August 2004, 08:08
S E C R E T SECTION 01 OF 02 RANGOON 001100
SIPDIS
EO 12958 DECL: 08/26/2014
TAGS PARM, PINR, PREL, KNNP, BM, KN
SUBJECT: ALLEGED NORTH KOREAN INVOLVEMENT IN MISSILE ASSEMBLY AND UNDERGROUND FACILITY CONSTRUCTION IN BURMA
Classified By: CDA, A.I. RON MCMULLEN FOR REASON 1.5 (A/C).
အကြောင်းအရာ။ ။ ဒုံးပျံများ တပ်ဆင်ရာနှင့် မြေအောက်လိုဏ်ခေါင်းများ တည်ဆောက်ရာတွင် မြောက်ကိုရီးယားများ ပါဝင်နေသည်ဟု စွပ်စွဲမှုများ ထွက်နေခြင်း။ လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ CDA, A.I. ရွန် မက်မူလန် (RON MCMULLEN) အကြောင်းပြချက် 1.5 (A/C).

၁။ (S) အကျဉ်းချုပ်။ xxxxxxxx ၏ သတင်းပေးပို့ချက်အရ မြောက်ကိုရီးယားလုပ်သားများသည် မြေပြင်မှ ဝေဟင်ပစ် "SAM" ဆမ်ဒုံးကျည်များ တပ်ဆင်ပေးနေကြောင်းနှင့် ရန်ကုန်မြို့ အနောက်မြောက်ဖက် (NNW) ၃၁၅ မိုင် အကွာခန့် မကွေးတိုင်းတွင်းရှိ မြန်မာစစ်စခန်းတခုတွင် မြေအောက် အအောက်အဦး တခု တည်ဆောက်ပေးနေသည်ဟု သိရသည်။ ၎င်းစိတ်မချမ်းမြေ့ဖွယ်သတင်းပို့ချက်ကို အတိအကျမှန်ကန် သည်ဟု မယူဆသင့်ပေ။ သို့သော် ၎င်းသတင်းကို xxxxxxx မှဆင့် ပေးပို့လာသော တခြားသတင်း အချက် အလက်များမှတဆင့် မျက်ခြေမပြတ်စောင့်ကြည့်ရမည်။ (အကျဉ်းချုပ်ပြီး။)

၂။ (S) XXXXXXXXX

၃။ (S) XXXXXXXXX မြောက်ကိုရီးယား ၃ဝဝ ခန့် မကွေးတိုင်း မင်းဘူးမြို့ အနောက်ဖက် ရခိုင်ရိုးမတောင်ခြေရှိ လျှို့ဝှက်ဆောက်လုပ်ရေးစခန်းတခုတွင် အလုပ်လုပ်ကိုင်နေသည်။ (ယူဆချက်။ ၎င်းဆောက်လုပ်ရေးစခန်းတွင် မြောက်ကိုရီးယားများစွာ အလုပ်လုပ်နေသည်ဟူသော သတင်း အပေါ် မိမိတို့အနေဖြင့် အလွန်အမင်းအံ့အားသင့်ရသည်။ (ယူဆချက်ပြီး)) XXXXXXX က မြောက်ကိုရီးယားများကို ကိုယ်တိုင်မြင်တွေ့ခဲ့ကြောင်း၊ ထိုသူများ ဆောက်လုပ်ရေးစခန်းပြင်ပသို့ ထွက်ခွင့်မရသကဲ့သို့ ၎င်းနှင့် တခြား"အပြင်လူများ" လည်း အတွင်းသို့ ဝင်ခွင့်မရကြောင်း အခိုင်အမာ ပြောဆိုသည်။ XXXXX က သူသည် အဆိုပါ ဒေသအတွင်း အလုပ်လုပ်နေသည့် တရုတ်လူမျိုးများနှင့် မြောက်ကိုရီးယားများကို တိတိကျကျ ခွဲခြားသိနိုင်သည်ဟု ယုံကြည်သည်။ အဆိုပါ လျှို့ဝှက်ဖုံးကွယ်ထားသော ဒေသ၏ မြေပုံညွှန်းအတိအကျကို မသိရှိရသေးသော်လည်း ယင်း နေရာသည် N 20,00, 94,25 E အကြားတည်ရှိနိုင်သည်ဟု ပြောဆိုနေကြ သည်။

၎။ (S) မည်သည့်နိုင်ငံမှ ရောက်လာသည်မသိနိုင်သော "SAM ဒုံးကျည်များ" ကို မြောက်ကိုရီးယားများက တပ်ဆင်ပေးနေသည် ဆိုသည်။ XXXXXXX မြန်မာဝန်ထမ်းများအကူအညီဖြင့် မြောက်ကိုရီးယားများသည် "လိုဏ်ခေါင်းထိပ်မှ တောင်ကုန်းထိပ်ထိ ပေ ၅ဝဝ" အမြင့်ရှိသော အင်္ဂတေမြေအောက် အဆောက်အဦး တခု တည်ဆောက်နေသည်။ မြောက်ကိုရီးယားများသည် မြေတူးထားသော မြေအောက် အဆောက်အဦး အတွင်းသို့ "အင်္ဂတေများမှုတ်သွင်း" နေသည်ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။
၅။ (S) XXXXXXXXX သည် အဆိုပါ ဆောက်လုပ်ရေးစခန်းအနီးစခန်းချမည့် မြန်မာစစ်တပ်တပ်ရင်း အရင်း ၂ဝ အတွက် အဆောက်အဦးများဆောက်လုပ်ရာတွင် ပါဝင်နေသည်။ ၎င်းတပ်ရင်းများအနက် တပ်ရင်း၂ ရင်း သည် ခြေလျင်တပ်များဖြစ်ပြီး တခြား ၁၈ ရင်းက အမြောက်တပ်များဖြစ်ကြောင်း အဆိုပါ သတင်းက ပြောဆိုသည်။

၆။ XXXXXXXXX

၇။ (S) ယူဆက်ချက်။ မကွေးတိုင်းအတွင်း စစ်ဘက်ဆိုင်ရာတည်ဆောက်မှုများနှင့် ဒုံးကျည်တပ်ဆင်မှုများ တွင် မြောက်ကိုရီးယားများ ပါဝင်နေသည်ဟူသော XXXXXX ၏ ထပ်ဆင့် ပြောဆိုချက်ကို ရန်ကုန်သံရုံးနှင့် တခြားသတင်းအရင်းအမြစ်များက နည်းလမ်းမျိုးစုံဖြင့် ပေးပို့သော သတင်းအချက်အလက်များနှင့် တိုက်ဆိုင်ကြည့်သည်။ တဖန် ၃ဝဝ ဟူသော ကိန်းဂဏန်းသည် မိမိတို့ ခန့်မှန်းထားသည့် မြန်မာ နိုင်ငံတွင် ရှိနိုင်သော မြောက်ကိုရီးယားဦးရေထက် လွန်စွာမြင့်မားနေသည်။ XXXXXX က ၎င်းကိုယ်တိုင် မြောက်ကိုရီးယားတချို့ကို မည်သို့မည်ပုံ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပါသည်ဟူသော အချက်ကလည်း ရှင်းရှင်းလင်းလင်းမရှိသေးပေ။ XXXXXX ထံသို့ပေးပို့လာသော အသေးစိတ်အများစုသည် တခြားသီးခြား သတင်းရင်းမြစ်များမှ ပေးပို့လာသော အချက်အလက်များနှင့် တူညီသည်။

၈။ (S) ယူဆချက် ဆက်လက်တင်ပြခြင်း။ မိမိတို့အနေဖြင့်သော်လည်းကောင်း ကြေးနန်းစာဖတ်သူအနေ ဖြင့်သော်လည်းကောင်း ယခုတင်ပြချက်တခုတည်းဖြင့် မြန်မာနိုင်ငံအတွင်း မြောက်ကိုရီးယား စစ်ဘက်၏ ပါဝင်ပတ်သက်မှုပမာဏကို အတိအကျ (ဝါ) တထစ်ချ ကောက်ချက်ချ မယုံကြည်သင့်ပေ။ XXXXXX ၏ ပြောဆိုချက်တွင် အနုမြူလက်နက် (ဝါ) ယင်းနှင့်ပတ်သက်သော နည်းပညာ သို့မဟုတ် မြေပြင်မှ မြေပြင်ပစ်ဒုံးကျည်၊ ပဲ့ထိန်းဒုံးကျည်များ သို့မဟုတ် အလားတူ လက်နက်များ ရှိသည်ဟူ၍ မပါရှိပေ။ XXXXXXX သို့သော် မြန်မာနှင့် မြောက်ကိုရီးယားများ တစုံတခုခု (လျှို့ဝှက်စစ်ရေး (သို့မဟုတ်) စစ် လက်နက်ပစ္စည်းထုတ်လုပ်မှု တခုခု) လုပ်နေသည်ဟူ၍ ပေးပို့လာသော တခြားသတင်းအရင်း အမြစ်များအနက် ယခုသတင်းပေးပို့ချက်ကို အကောင်းဆုံး အချက်အလက်တခုဟု သတ်မှတ်ကောင်း သတ်မှတ်နိုင်သည်။ မည်သည့်အရာဆိုသည်နှင့် မည်မျှအတိုင်းအတာ ရှိသည်ဆိုသည်ကိုတော့ ဆုံးဖြတ်ရန် ကျန်သေးသည်။ ၎င်းဖြစ်ထွန်းမှုများနှင့်ပတ်သက်၍ မျက်ခြေမပြတ် ဆက်လက် စောင့်ကြည့်နေမည်ဖြစ်ပြီး လိုအပ်ချက်နှင့်အညီ အစီရင်ခံစာများ ပေးပို့သွားမည်ဖြစ်သည်။

မက်မူလန်
ပြန်ခေါက်ထားခဲ့လေ

ဝိခီလိ ခ် ကစိမ့် ထွက်လာတဲ့  မြန်မာ့ရောထွေးသတ္တု

ရောထွေးသတ္တု
07RANGOON105 2007-01-30 10:10 2010-12-09 21:09 SECRET Embassy RangoonVZCZCXRO2269
OO RUEHCHI RUEHDT RUEHHM RUEHNH
DE RUEHGO #0105 0301023
ZNY SSSSS ZZH
O 301023Z JAN 07
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC IMMEDIATE 5661
INFO RUCNASE/ASEAN MEMBER COLLECTIVE PRIORITY
RUEHBJ/AMEMBASSY BEIJING PRIORITY 1313
RUEHBY/AMEMBASSY CANBERRA PRIORITY 0143
RUEHUL/AMEMBASSY SEOUL PRIORITY 7241
RUEHKO/AMEMBASSY TOKYO PRIORITY 4815
RUEKJCS/JOINT STAFF WASHDC PRIORITY
RHHMUNA/CDR USPACOM HONOLULU HI PRIORITY
RHEHNSC/NSC WASHDC PRIORITY
RUEKJCS/SECDEF WASHDC PRIORITY
Tuesday, 30 January 2007, 10:23
S E C R E T RANGOON 000105
SIPDIS
SIPDIS
STATE FOR EAP/MLS, EAP/RSP
EO 12958 DECL: 01/11/2017
TAGS PARM, PREL, ETTC, MNUC, BM, CH
SUBJECT: BURMA XXXXXXXXXXXX REPORT SENSITIVE SHIPMENT
Classified By: Econoff TLManlowe for Reasons 1.4 (b) and (d)

အကြောင်းအရာ။ ။ မြန်မာနိုင်ငံ XXXXXXXXXXXX အစီရင်ခံစာ။ မသင်္ကာဖွယ် ပို့ဆောင်မှု
လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ စီးပွားရေး အရာရှိ TLManlowe အကြောင်းပြချက် 1.4 (b) and (d)

၁။ (S) အကျဉ်းချုပ်။ ။ သံရုံး၏ အဆက်အသွယ်များ XXXXXXXXXXXX က မိမိတို့ထံ သတင်းဖလှယ်ရာ တွင် XXXXXXXXXXXX မှတ်တမ်းများအရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စင်္ကာပူမှတဆင့် "ရောထွေးသတ္တု " (mixed ore) ၁၁၂ မက်ထရစ်တန်ကို ဇန်နဝါရီလ ၂၅ ရက်က ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။ XXXXXXXXXXXX က မှတ်ချက်ပြုရာတွင် အာဏာပိုင်များက ဤသင်္ဘောပို့ဆောင်မှုကို အလွန်သတိကြီးစွာ ကိုင်တွယ်ပြီး ယူရေနီယံများ ပါဝင်နိုင်သည်ဟု သံသယဖြစ်ရသည်။ ဤပြောဆိုချက်ကို ထောက်ခံသည့် တိုက်ရိုက်သက်သေ အထောက်အထားများ မိမိတို့ အဆက်အသွယ်တွင် မရှိပါ။ အကျဉ်းချုပ်-ဆုံး။

၂။ (S) XXXXXXXXXXXX က သံရုံးအရာရှိကို ပြောပြရာ၌ XXXXXXXXXXXX က သူ့ကို သတင်းပေးပြော ကြားသည်မှာ ဇန်နဝါရီလ ၂၅ ရက်က ပို့ဆောင်ခဲ့သည့် သတ္တုပစ္စည်းများကို ကိုင်တွယ်ရာတွင် အာဏာကိုင်များ၏ ပြုမူပုံနှင့် ပတ်သက်၍ သူတို့သင်္ကာမကင်းရှိသည်။ XXXXXXXXXXXX ၏ အဆိုအရ ပုံမှန်ထက် လုံခြုံရေး တင်းကျပ်ထားပြီး စောင့်ကြပ်မှု ပိုမြင့်သည်။ အာဏာပိုင်များက ပစ္စည်းများ ရွေ့လျားမှုနှင့် ပတ်သက်၍ လည်းကောင်း၊ ဆိပ်ကမ်းတွင်း အခြားလှုပ်ရှားမှုများနှင့် ပတ်သက်၍လည်းကောင်း အထူး အလေးပေး စောင့်ကြည့်ခဲ့ကြသည်။ XXXXXXXXXXXX က ပြောဆိုရာတွင် သတ္တုများကို အချောင်း (ဘလောက်) သဏ္ဌာန်ဖြင့် ပို့ဆောင်ရိုးထုံးစံရှိသော်လည်း အိပ်များတွင်း ဖြည့်သွင်းထားသည့် ပို့ဆောင်ပစ္စည်းများမှာ မြေသားနှင့် ရွှံ့များသဖွယ် ဖြစ်နေသည်။ ဤရောနှောသတ္တုများမှာ မော်ချီးမှလာပြီး ယူရေနီယံ ထွက်ရာဒေသဟုလည်း သူတို့က ပြောဆိုကြသည်။ XXXXXXXXXXXX က ပြောဆိုရာတွင် တရုတ်နိုင်ငံ ဖန်ချန်း (Fang Chen) သို့ ပို့မည်ဖြစ်ပြီး သင်္ဘောလိုင်း (Advance Container Lines) မှာလည်း ပုံမှန်သတ္တုများ ပို့ဆောင်နေကျလိုင်း မဟုတ်ပါ။ အစိုးရပိုင် မြန်မာ ကြယ်ငါးပွင့် သင်္ဘောလိုင်းမှတဆင့် အခြားဆိပ်ကမ်းများသို့ ပုံမှန် ပို့နေကျ ဖြစ်ကြောင်း သူတို့ ပြောဆိုကြသည်။ ပို့ဆောင်သူ မြန်မာ ပတ္တမြားလုပ်ငန်း (Myanmar Ruby Enterprise) မှာ သတ္တုတွင်းဝန်ကြီး ဌာနမှ ၃ဝ% အစုရှယ်ယာပိုင်သည့် ကုမ္ပဏီ ဖြစ်သည်။ XXXXXXXXXXXX

၃။ (S) မိမိတို့ မြင်တွေ့ရသော မှတ်တမ်းများတွင် အဓိကပါဝင်သည့် အချက်အလက်များမှာ သယ်ဆောင် သည့်ယာဉ် Carrier: Advance Container Lines Co., Ltd. ပို့ဆောင်သူ (Shipper): Myanmar Ruby Enterprise (လိပ်စာ) Address: အမှတ် ၂၄/၂၆ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။ ရန်ကုန်မှ ပို့ဆောင်ခြင်းဖြစ်ပြီး ၂ဝဝ၇ ဇန်နဝါရီလ ၂၅ ရက်တွင် ယာဉ် (Vessel): Kota Teraju ဖြင့် စင်္ကာပူမှတဆင့် ဦးတည်ရာ (Destination): တရုတ်နိုင်ငံ၊ ဖန်ချန်းဆိပ်ကမ်း (Fang Chen) သို့ ပို့ဆောင်မည် ဖြစ်သည်။ ထုတ်ယူမည့်သူမှာ Discharge: Fang Chen, Guang Xi, China Consignee: Yunnan Minmetals Trading Co., Ltd. Address: F/8 No. (408) Beijing Road, Kuming, PR China ဖြစ်သည်။ ပို့ဆောင်မှု (Shipment) တွင် အိတ် ၃ဝ၈ဝ ပါ ကုန်သေတ္တာ ၆-လုံး (စုစုပေါင်း မက်ထရစ် တန် ၁၁၂. ဝဝ၄၉) (112.0049 net metric tons) ပါရှိသည်။ မော်ချီးမှ သတ္တုရိုင်းများ ရောနှော (သံ၊ တန်စတင်၊ ရှီးလိုက် ရောနှောများ) (tin, tungsten, scheelite mixed concentrate) ပါဝင်သည်။ တန်ဖိုး 534,263.37 euros ယူရိုငွေဟု ဖော်ပြထားသည်။

၎။ (S) ဤ ပို့ဆောင်မှုနှင့် ပတ်သက်၍ မိမိတို့တွင် အခြားသတင်း အချက်အလက်များ မရှိပါ။ ထို့အပြင် မှတ် တမ်းများ ယုံကြည်ရမှုအပေါ်တွင်လည်း မပြောနိုင်ပါ။ ရရှိထားသော ဤမှတ်တမ်းများကို စိတ်ဝင်စားသူများ ထံ ဆက်လက် ပေးပို့ရန် အသင့်ရှိပါသည်။

ဗယ်လာရိုဆာပြန်ခေါက်ထားခဲ့လေ
တို့တိုင်းတို့ပြည်တိုးတက်ဖို့ အာဏာရှင်ကိုဆန့်ကျင်စို့
/* EOT ----------------------------------------- */

  © Blogger template 'Isfahan' by Ourblogtemplates.com 2008

Back to TOP